လက်ဝှေ့အိတ်

ကိုယ်ကာယတောင့်တင်းကြံ့ခိုင်မှုကို ငွေပေးဝယ်လို့မရပါ။
ယခင်ကထက် ကျစ်လျစ်လှပအောင်လုပ်ပေးနိုင်မယ့် ထောက်ကူပြုပစ္စည်းတွေကိုတော့ ငွေဖြင့်ဝယ်ယူလို့ရပါတယ်။

🤜👊🤛

လက်ဝှေ့ထိုးအိတ်
boxing bag (saco de boxeo)

အရှည်​ . တန်​ဖိုး​ငွေ
60cm . ၁၄၅၀၀ကျပ်
100cm . ၁၉၅၀၀ကျပ်
150cm . ၃၅၅၀၀ကျပ်
180cm . ၄၅၅၀၀ကျပ်

လက်ဝှေ့အိတ်ဆိုတာကတော့ ခရီးဆောင်လွယ်အိတ်ထက် ဆယ်ဆလောက်ပိုပြီး အကြမ်းပတမ်းခံနိုင်အောင် ချုပ်လုပ်ထားရတာပါ။ ခရီးဆောင်အိတ်က ခရီးသွားတုန်းပဲ အေးအေးဆေးဆေး သယ်ရတာ။ လက်ဝှေ့အိတ်ကတော့ နေ့စဉ် လူပေါင်းစုံ ထိုးလိုက် ကန်လိုက်နဲ့ဆိုတော့ အသားကောင်းကောင်း ချုပ်ရိုးကြံ့ကြံခံနိုင်ပါမှ ရေရှည်ခံမှာပါ။

၂​ပေလောက်အိတ်က ၁၄၅၀၀ ၆ပေလောက်အိတ်က ၄၅၅၀၀ ဆိုတော့ သင်္ချာတွက်ကိန်းနဲ့ဆို မှားနေတယ်ထင်မစိုးလို့ပါ။
၂​ပေအိတ်ထဲ သဲ၁၀ပိဿာထည့်မယ်ဆိုရင် ၆ပေအိတ်ထဲ ပိဿာ၅၀လောက် ထည့်ရပါတယ်။ အိတ်ရှည်သွားသလို လုံးပတ်လည်း ပိုထွားလာပါတယ်။ အထဲက အဆာပလာအလေးချိန် ၅ဆ​လောက်​ များလာလို့ အိတ်အသားအနား အထဲကခံထားရတဲ့ နိုင်လွန်သားတွေကအစ ၅ဆမက ပိုသာရပါတော့တယ်။

အပြင်အသားက စစ်သုံးကျောပိုးအိတ်လွယ်ကြိုး အသားမျိုးပါ။ ချိတ်ဖို့ သံကြိုးကွင်းလည်း အဆင်သင့်ပါရှိပါတယ်။

အထဲမှာ ဖော့သားတစ်ထပ် ဂွမ်းတစ်ထပ်ခံပြီး အတွင်းဆုံးမှာ နိုင်လွန်ပိတ်သားအထူတစ်ထပ် ပါပါတယ်။ သဲ/ မှို့/ ၀တ်ဖြတ်စညှပ်စ/ အုန်းခွံမျှင်များ ကြိုက်ရာထည့်ပါ။ မူရင်းက အိတ်ချည်းသက်သက်ပါ။ အဆာမပါပါ။ ထည့်ပြီး အပေါ်ကဇစ်နဲ့ပိတ်လို့ရသလို တသက်တာသုံးမယ်ဆိုရင်တော့ အသေချုပ်ထားလိုက်လို့ရပါတယ်။

အိမ်​သုံး တကိုယ်​ရည်​ ​လေ့ကျင့်​ရုံဆိုရင်​ 60cm,100cm ​လောက်​ပဲ သုံးပါ။

တကယ့်​ ပ​ရော်​ဖက်​ရှင်​နယ်​ကစားသမားဆိုရင်​ လူ့အရပ်​တန်းတူ (သို့) ပိုရှည်​တဲ့ 150cm,180cm သုံးမှ အဆင်​​ပြေပါလိမ့်​မယ်​။

မှတ်ချက်။ ။ လက်ဝှေ့အိတ်ဆိုတာတော့ ခရီးဆောင်အိတ်လို ပါးပါးမဟုတ်ကြောင်း သတိပြုပါ။ ပမာဏတူချင်း​တောင်​ ခရီး​ဆောင်​အိတ်​ထက်​ ၂ဆ​လေးပါတယ်​။
အဆာသွပ်​တဲ့အခါ သဲ/ဖွဲတို့ကို အစို
မထည့်​ပါနဲ့။ ​အက်​ဆစ်​ဓာတ်​ထွက်​ပြီး အ​ဆွေးမြန်​ပါတယ်​။

😎 လက်​သီးအားက တ​နေ့ထက်​တ​နေ့ ပိုပြင်းလာမှာမို့ အ​ပေါ်ချိတ်​တန်းကို​တော့ အခိုင်​ဆုံးဖြစ်​​အောင်​ စီစဉ်​ထားပါ။

(ဖော်ပြပါပစ္စည်း အဆင်သင့် instock ရှိပါတယ်။ Pre-Order မဟုတ်ပါ။ စောင့်ဆိုင်းစရာမလို ခုဝယ် ခုရပါတယ်။)
 2 years ago
No Comments